Our payment processing is temporarily unavailable from 20 to 26 May 2026 due to a scheduled system upgrade. We are unable to process payments into bank accounts during this time. We apologise for any inconvenience and thank you for your patience.
Contact us by phone or web enquiry with any questions.

ဗစ်တိုးရီးယားပြည်နယ်တွင် ရာဇဝတ်မှုကြောင့် နစ်နာသူများအတွက် ဝန်ဆောင်မှုများ (Services for victims of crime in Victoria - Burmese)

ရာဇဝတ်မှုကြောင့် နစ်နာသူများအတွက် ဗစ်တိုးရီးယားပြည်နယ်အစိုးရ၏ အကူအညီဖုန်းလိုင်း (The Victorian Government’s Victimsof Crime Helpline) သည် သင်နှင့်သင့်မိသားစုအတွက် အချက်အလက်များ၊ အကြံဉာဏ်နှင့် အကူအညီတို့ကို အခမဲ့ ဆောင်ရွက်ပေးပါသည်။

ရာဇဝတ်မှုကြောင့် နစ်နာသူများ အကူအညီဖုန်းလိုင်း

ဖွင့်ချိန်- နံနက် 8 နာရီမှ -ည 11 နာရီ၊ တစ်ပတ် 7 ရက်
ဖုန်း- 1800 819 817
ဖုန်းအမှာစာပို့ရန်- 0427 767 891
အီးမေးလ်- vsa@justice.vic.gov.au

အောက်ပါတို့ဆောင်ရွက်ရန် ဖုန်းခေါ်ပါ၊ ဖုန်းအမှာစာပို့ပါ သို့မဟုတ် အီးမေးလ်ပို့ပါ-

  • ရာဇဝတ်မှုကို ရဲထံ တိုင်တန်းပုံ သိရှိရန်
  • သင့်အား ကူညီပေးနိုင်သည့် အခြား ဝန်ဆောင်ဌာနများကို သိရှိရန်
  • ဗစ်တိုးရီးယားပြည်နယ် တရားဥပဒေစနစ် လုပ်ကိုင်ဆောင်ရွက်ပုံနှင့်ပတ်သက်သည့် အချက်အလက်များ ရယူရန်
  • တရားရုံး၌ သင် သက်သေလုပ်ရန် လိုအပ်လျှင် အကူအညီရယူရန်
  • အကယ်၍ သင် ရထိုက်လျှင် လျော်ကြေးနှင့် ငွေကြေးအကူအညီ လျှောက်ထားရန်အတွက် အကူအညီရယူရန်
  • သင်နှင့် သင့်မိသားစုအား ဘေးကင်းလုံခြုံနေစေရန် သင်လုပ်နိုင်သည့်အရာကို သိရှိရန် တို့ဖြစ်သည်။

အကယ်၍ သင် ယခု အန္တရာယ်ရှိနေလျှင် ရဲအား ဖုန်း သုည သုံးလုံး (000) ဖြင့်ခေါ်ပါ။ သင် ရဲစခန်းသို့လည်း သွားရောက်နိုင်သည်။

ကျွန်ုပ်တို့သည် အမျိုးမျိုးအဖုံဖုံ အခက်အခဲကျရောက်နေသော လူများအား ကူညီပေးပါသည်။

နှစ်စဉ် ကျွန်ုပ်တို့သည် ရာဇဝတ်မှုကြောင့် နစ်နာသူများဖြစ်ကြသည့် အမျိုးမျိုးသော အသက်အရွယ်၊ လိင်အမျိုးအစားများနှင့် နောက်ခံများမှ ထောင်နှင့်ချီသောလူများကို ကူညီပေးပါသည်။

အကယ်၍ သင် ရဲထံ ရာဇဝတ်မှုကို မတိုင်ကြားလိုသည့်တိုင်အောင် ကျွန်ုပ်တို့ ကူညီပေးနိုင်သည်

ရာဇဝတ်မှုနှင့်ပတ်သက်ပြီး ရဲထံ တိုင်တန်းရန် ကောင်းသော အကြောင်းရင်းများ ရှိပါသည်။ ၎င်းတို့သည် သင်၏ တိုင်တန်းချက်ကို အလေးအနက် ထားလိမ့်မည်ဖြစ်ပြီး အဆိုပါ ရာဇဝတ်မှု ကျူးလွန်ခဲ့သူကို ကြိုးစား၍ ရှာဖွေပါလိမ့်မည်။ ၎င်းတို့သည် သင့်အားလည်း ကာကွယ်ပေးနိုင်သည်။

အကယ်၍ သင်သည် တိုင်တန်းရန် အဆင်သင့်မဖြစ်သေးလျှင် သို့မဟုတ် ရဲနှင့်စကားပြောဆိုရန် စိုးရိမ်နေလျှင် အကူအညီဖုန်းလိုင်းက လုပ်ပေးလိမ့်မည်မှာ-

  • သင်နှင့်ပြောဆိုပြီး သင့်အခက်အခဲကို နားလည်ပေးမည်
  • သင် ရာဇဝတ်မှုကို မတိုင်တန်းလိုသည့်တိုင်အောင် သင့်အား ကူညီနိုင်သည့် ဝန်ဆောင်ဌာနများကို ရှာဖွေပေးမည်
  • အကယ်၍ သင်လိုလားလျှင် ရဲနှင့်စကားပြောဆိုရန် သင့်အား ကူညီပေးမည်။

သင် စကားပြန်တစ်ဦးကို အသုံးပြုနိုင်သည်

အကယ်၍ သင် လိုအပ်လျှင် အကူအညီဖုန်းလိုင်းက သင့်အား စကားပြန်တစ်ဦး အခမဲ့ ခေါ်ယူပေးပါမည်။ သင့်အတွက် စကားပြန်တစ်ဦး ရယူရန်အတွက် သင် တစ်စုံတစ်ယောက်ကိုလည်း အကူအညီဖုန်းလိုင်းအား ဖုန်းခေါ်ခိုင်းနိုင်သည်။

စကားပြန်တစ်ဦး ရယူရန်-

  1. အကူအညီဖုန်းလိုင်း ဖုန်း 1800 819 817 ကိုခေါ်ပါ
  2. ၎င်းတို့အား သင့်အမည်၊ ဖုန်းနံပါတ်နှင့် ဘာသာစကား အမည်ကို ပြောပြပါ
  3. စကားပြန်တစ်ဦးသည် သင့်အား ဖုန်းပြန်ခေါ်ပါလိမ့်မည်။

စကားပြန်က ဖုန်းခေါ်သည့်အခါ သင့် မိုဘိုင်းဖုန်းပေါ်၌ ‘ပုဂ္ဂလိက နံပါတ်၊ ပိတ်ဆို့ထားသည် (သို့) ဖုန်းခေါ်သူ အိုင်ဒီ မရှိ’ ('private number', 'blocked' or 'no caller ID') အဖြစ် ပေါ်ကောင်းပေါ်နိုင်သည်။

Services for victims of crime in Victoria - information in Burmese (မြန်မာ)
PDF 166.46 KB
(opens in a new window)

Updated